ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရဲ့ ၂၀၁၇ ခုနှစ်အတွင်း စွမ်းဆောင်မှုတွေအကြောင်း


2017.12.16

ဒီဇင်ဘာလ ၁၆ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ "ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရဲ့ ၂၀၁၇ ခုနှစ်အတွင်း စွမ်းဆောင်မှုတွေအကြောင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ပင်တိုင်ဆွေးနွေးကြမယ့်သူတွေက ပန်းဘဲတန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး နဲ့ ကျောက်တံတားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ တို့ဖြစ်ပါတယ်။

ပါဝင် မေးမြန်း ဆွေးနွေးလိုသူတွေအနေနဲ့ ဖုန်းနံပါတ် ၀၉ ၄၅၃၆၄၄၀၂၅ နဲ့ ၀၉ ၄၅၃၆၄၄၀၂၆ တို့ကို ဆက်သွယ်နိုင်ပါတယ်။ ဖေ့စ်ဘွတ်မှာလည်း မိမိတို့ဆွေးနွေးလိုတဲ့အချက်တွေနဲ့ မေးခွန်းတွေကို ချန်ထားလို့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။