NLD-၈၈မျိုးဆက် ရွေးကောက်ပွဲဟောပြောပွဲ

လာမယ့်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အောင်နိုင်ရေးအတွက် ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ပါဝင်စည်းရုံးနေတာဟာ တိုင်းပြည်အကျိုးကို ရှေးရှုပြီး ဆောင်ရွက်နေတာဖြစ်တယ်လို့ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောလိုက်ပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အောင်နိုင်ရေးအတွက် ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ပါဝင်စည်းရုံးနေတာဟာ တိုင်းပြည်အကျိုးကို ရှေးရှုပြီး ဆောင်ရွက်နေတာဖြစ်တယ်လို့ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောလိုက်ပါတယ်။

သူတို့အဖွဲ့ဝင်တွေကို ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းအဖြစ် မရွေးချယ်ခဲ့ပေမယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အတွက် သူတို့အဖွဲ့က တက်တက်ကြွကြွ မဲဆွယ်စည်းရုံးပေးနေတာနဲ့ ပတ်သက်ပြီး RFA က ဒီကနေ့မေးမြန်းခဲ့ရာမှာ ကိုမင်းကိုနိုင်က... မိမိတို့အနေနဲ့ အဓိကနဲ့ သာမညကို ခွဲခြားဆုံးဖြတ်ခဲ့တယ်လို့ ပြောပါ တယ်။ ဒ့ါအပြင် လာမယ့်ရွေးကောက်ပွဲဟာ အမှန်တကယ် ရိုးဖြောင့်မှု လွတ်လပ်မှုနဲ့ သန့်ရှင်းမှု ရှိမယ်ဆိုရင် ဒီမိုကရေစီ အဖွဲ့သားတွေဖက်က မုချ အနိုင်ရ မှာဖြစ်ကြောင်းလည်း ကိုမင်းကိုနိုင်က ပြောလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org