ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် ဆန္ဒပြတဲ့ ဗကသသပိတ် ကားနဲ့တိုက် ဖမ်းဆီးခံရ

ရန်ကုန်တိုင်း လှိုင်မြို့နယ်မှာ ဇူလိုင်လ ၇ ရက် ဒီနေ့ညနေ ၄ နာရီက ဗကသကျောင်းသားအင်အားစုတွေ ဦးဆောင်တဲ့ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် ဆန္ဒပြပွဲကို စစ်ကောင်စီတပ်က ကားနဲ့တိုက် ဖမ်းဆီးခဲ့တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

ရန်ကုန်မြို့ လှိုင်မြို့နယ်မှာ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ဆန္ဒပြလူငယ်တွေကို တွေ့ရစဥ် Photo: AAMIJ

ရန်ကုန်တိုင်း လှိုင်မြို့နယ်မှာ ဇူလိုင်လ ၇ ရက် ဒီနေ့ညနေ ၄ နာရီက ဗကသကျောင်းသား အင်အားစုတွေ ဦးဆောင်တဲ့ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် ဆန္ဒပြပွဲကို စစ်ကောင်စီတပ်က ကားနဲ့တိုက် ဖမ်းဆီးခဲ့တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

လှိုင်မြို့နယ် သုခမှတ်တိုင်အနီးမှာ ဆန္ဒပြနေစဉ်မှာပဲ ကားနဲ့တိုက် ဖမ်းဆီးခဲ့တာလို့ အမည်မဖော်လိုတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကျောင်းသားတစ်ဦးက ပြောပါတယ်။

"အသံဗုံးဖောက်ပြီး အိမ်စီးကားနဲ့ ဝင်တိုက်ဖမ်းတာ။ လမ်းမဘက်အခြမ်းက ဗကသ အဖွဲ့ဝင် နှစ်ဦးလောက် တိုက်မိတယ်။ ဖြစ်တဲ့အချိန်က သိပ်မကြာသေးတော့ ဘယ် သူတွေ အဖမ်းခံထားရတယ်ဆိုတာ မပြောနိုင်သေးပါဘူး။ မနက်ပိုင်းတစ်လျှောက်လုံး သပိတ်အင်အားစုတွေ အဖမ်းမခံရလို့ ဝမ်းသာနေတာဗျာ"

ကားနဲ့တိုက်ခံရလို့ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဗကသအဖွဲ့ဝင်နှစ်ဦးရဲ့ဒဏ်ရာ ဘယ်လောက် ပြင်းထန်တယ်ဆိုတာတော့ မသိရသေးဘူးလို့ သူက ဆိုပါတယ်။

ဆန္ဒပြသူတွေဟာ "ဆဲဗင်းဂျူလိုင်စိတ်ဓာတ် လက်စွဲသုံး၊ ကမ္ဘာသစ်အတွက် အတူရုန်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆန္ဒပြခဲ့ပြီး ဗကသလူငယ်နဲ့ တခြားကျောင်းသားအင်အားစုထဲက လူငယ်တွေအပါအဝင် လူငယ် ၂၀ နီးပါး ပါဝင်တယ်လို့ ဆန္ဒပြသူတချို့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းက ရန်ကုန်တိုင်းအတွင်း လှိုင်၊ ဒေါပုံ၊ တာမွေ၊ လမ်းမတော်နဲ့ စမ်းချောင်း စတဲ့ မြို့နယ်တွေကနေ မြေပြင်သပိတ် အင်အားစုတွေနဲ့ မြို့ပြပြောက်ကျား အဖွဲ့ဝင် ၄၀ နီးပါးကို နေအိမ်တွေထဲအထိ ရှာဖွေဖမ်းဆီးခဲ့တယ်လို့ ကျောင်းသားအင်အားစု တွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org