CDM ဆရာဝန်တွေ ရပ်ကွက်တွေထဲ ဆေးလိုက်ကုပေးနေ

ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ဆရာဝန်တွေ သူနာပြုတွေဟာ စစ်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM မှာ ရှေ့တန်းကနေ တက်တက်ကြွကြွ ပါဝင်နေပါတယ်။

ရပ်ကွက်တွေထဲမှာ ရွေ့လျားလိုက်လံ ကုပေးနေကြတဲ့ CDM မှာပါဝင်တဲ့ ဆရာဝန် သူနာပြုများ။ Photo: RFA

ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ဆရာဝန်တွေ သူနာပြုတွေဟာ စစ်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM မှာ ရှေ့တန်းကနေ တက်တက်ကြွကြွ ပါဝင်နေပါတယ်။

ရုံးမတက်ဘဲ CDM မှာပါဝင်နေတာကြောင့် အစိုးရဆေးရုံတွေမှာ ဆရာဝန်တွေ မရှိပေမယ့် လူနာတွေအဆင်ပြေအောင် ရပ်ကွက်တွေထဲမှာ ရွေ့လျားလိုက်လံ ကုပေးနေကြတာပါ။

ဗီဒီယိုမှာ မြင်တွေ့ရတာကတော့ ရန်ကုန်မြို့တွင်းတနေရာမှာဖြစ်ပါတယ်။ CDM မှာပါဝင်တဲ့ ဆရာဝန် သူနာပြုတွေကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးတာတွေလည်း ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org