ကျောက်မီးသွေးသုံးစက်ရုံကိစ္စ ဆန္ဒပြရွာသားတွေ ရာဘာကျည်နဲ့ ပစ်ခတ်ခံရ

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးက ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံကို ဖျက်သိမ်းပေးဖို့ ဆန္ဒပြတောင်းဆိုတဲ့ အောင်သပြေရွာသားတွေနဲ့ ရဲတပ်ဖွဲ့တို့ ဒီကနေ့ မနက်က ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာက ဆန္ဒပြရွာသားများ။

 

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးက ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံကို ဖျက်သိမ်းပေးဖို့ ဆန္ဒပြတောင်းဆိုတဲ့ အောင်သပြေရွာသားတွေနဲ့ ရဲတပ်ဖွဲ့တို့ ဒီကနေ့ မနက်က ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် ရွာသား သုံးဦး ဖမ်းဆီးခံခဲ့ရသလို အယောက် ၂ဝ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

RFA သတင်းထောက် မခေမဏီဝင်း က တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org