အရပ်သားတွေကို သံသယနဲ့ဖမ်းဆီးနိုင်တဲ့ ဥပ‌ဒေ

တိုက်ပွဲတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်က အရပ်သားတွေအပေါ် သံသယရှိရုံနဲ့ ဖမ်းဆီးထိန်းသိမ်းခွင့် ပြုထားတဲ့ "စစ်ဆင်မှု အထူးစီမံချက် အက်ဥပဒေ" ကို ပြင်ဆင်ပယ်ဖျက်သင့်ပြီလို့ ဥပဒေပညာရှင်တွေ၊ လူ့အခွင့်အရေးစောင့်ကြည့်သူတွေက သုံးသပ်နေကြပါတယ်။

rakhine-civilians-622.jpg

အရပ်သားပြည်သူ တစ်ယောက်ကို သံသယနဲ့ ဖမ်းဆီးစစ်ဆေးပြီးနောက် ၂၄ နာရီထက် ကျော်လွန်ထိန်းသိမ်းမယ်ဆိုရင် သက်ဆိုင်ရာတရားရုံးမှာ ဆက်လက်ချုပ်နှောင်ခွင့် ရမန်ယူရတယ် ဆိုပြီး အများက သိထားကြပါတယ်။ တချိန်တည်းမှာပဲ တိုက်ပွဲတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်က ဒေသခံအများအပြားကို ရက်ပေါင်းများစွာ ထိန်းသိမ်းထားတာဟာ ဥပဒေနဲ့ညီတယ်လို့လည်း ဆိုနေကြပါတယ်။

အရပ်သားတွေအပေါ် သံသယရှိရုံနဲ့ အခုလို ဖမ်းဆီး ထိန်းသိမ်းခွင့် ပြုထားတဲ့ "စစ်ဆင်မှု အထူးစီမံချက် အက်ဥပဒေ" ကို ပြင်ဆင်ပယ်ဖျက်သင့်ပြီလို့ ဥပဒေပညာရှင်တွေ၊ လူ့အခွင့်အရေး စောင့်ကြည့်သူတွေက သုံးသပ်နေကြပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက စုစည်း တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org