ကိုဗစ်လူနာများလာလို့ ပြည်သူတွေ ပိုကူညီကြဖို့ ပရဟိတအဖွဲ့တွေ မေတ္တာရပ်ခံ
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ စံချိန်တင်မြင့်တက်လာနေပြီး သေဆုံးမှုတွေလည်း များလာနေပါတယ်။
- 2021-07-22
-
-
-
လားရှိုးမြို့က ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်ကာကွယ်ရေး ကျန်းမာရေးဝန်ထမ်းတွေကို တွေ့ရစဉ်
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ စံချိန်တင်မြင့်တက်လာနေပြီး သေဆုံးမှုတွေလည်း များလာနေပါတယ်။
ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် ပြည်သူတွေဘက်က အခုထက်ပိုမို ပူးပေါင်းကူညီပေးဖို့ မြို့ခံပရဟိတအဖွဲ့တွေက မေတ္တာရပ်ခံကြပါတယ်။