ဒေါ်အောင်ဆန်းစုကြည် ၇၄ နှစ်ပြည့် မွေးနေ့

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၄ နှစ်ပြည့် မွေးနေ့အတွက် မဟာဗန္ဓုလပန်းခြံမှာ လူ ၇၄ဝ က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို ကိုင်ဆောင်ပုံဖော်ပြီး မွေးနေ့ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။

dassk-622.jpg

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၄ နှစ်ပြည့် မွေးနေ့ပွဲကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ဒီနေ့ မနက် ၇ နာရီ မိနစ် ၄ဝ မှာ ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညိုလေးစားသူတွေ စုပေါင်းပြီး ကျင်းပခဲ့ကြပါတယ်။ ပန်းခြံထဲမှာ လူ ၇၄ဝ က စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဓာတ်ပုံကို ကိုင်ဆောင်ပုံဖော်ပြီး မွေးနေ့ဆုတောင်းပြုလုပ်ကြတာဖြစ်ပါတယ်။

ဒီနေ့ မနက်ပိုင်း ပြုလုပ်တဲ့ မွေးနေ့ပွဲမှာ စုစုပေါင်း လူ တစ်ထောင်ကျော် လာရောက်ခဲ့ကြတာပါ။ မွေးနေ့ဆုတောင်းပွဲမှာ ရရှိတဲ့ အလှူငွေ သိန်းတစ်ရာကျော်ကိုလည်း ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို ပေးအပ်ခဲ့ပါတယ်။

ရိုက်ကူး - ကျော်ဇောဝင်း/ RFA

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org