ဒေါ်အောင်ဆန်းစုကြည်-ရခိုင်ခရီးစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီကနေ့မနက်ပိုင်းက ရခိုင်ပြည်နယ် သံတွဲမြို့ကို ရောက်ရှိခဲ့ဲပြီး၊ သံတွဲမြို့က တဆင့် တောင်ကုတ်မြို့မှာ ရွေးကောက် ပွဲ အောင်နိုင်ရေး မဲဆွယ်စည်းရုံးခဲ့ပါတယ်။
-
2015-10-17 -
-
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်ပိုင်းက ရခိုင်ပြည်နယ် သံတွဲမြို့ကို ရောက်ရှိခဲ့ဲပြီး၊ သံတွဲမြို့ကတဆင့် တောင်ကုတ်မြို့မှာ ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ် စည်းရုံးခဲ့ပါတယ်။
ဒေသခံပြည်သူ တစ်ထာင်ကျော် တက်ရောက်တဲ့ အဲ့ဒီဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဘာသာရေး လူမျိုးရေးအရ ခြိမ်းခြောက်နေမှုတွေကြောင့် အကြောက်တရားတွေ လွှမ်းမိုးနေတဲ့အကြောင်း၊ ရခိုင်ပြည်သူတွေ အလုပ်အကိုင် အခွင့်အလမ်း မရှိတဲ့အပြင် ဆင်းရဲချမ်းသာ ကွာဟမှုတွေ ကြီးမားနေတဲ့အကြောင်း ပြောခဲ့ပါတယ်။ RFA ဝိုင်းတော်သား ကိုဝင်းနိုင်က တောင်ကုတ်မြို့ကနေ သတင်းပေးပို့ထားပါတယ်။