ကျောင်းသားသမဂ္ဂတွေ ပူးပေါင်းဖို့ ဆုံးဖြတ်
စစ်တပ်က အာဏာသိမ်းပြီး ၁၉ ရက်မြောက် ဒီနေ့မှာ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ကျောင်းသားထုအစည်းအဝေးကို ဒဂုံတက္ကသိုလ်ဝင်းထဲမှာ ကျင်းပခဲ့ပါတယ်။
- 2021-02-19
-
-
-
ကျောင်းသားထုအစည်းအဝေးကို ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ၂၀၂၁ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ကျောင်းဝင်းထဲမှာ ကျင်းပစဉ်
စစ်တပ်က အာဏာသိမ်းပြီး ၁၉ ရက်မြောက် ဒီနေ့မှာ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ကျောင်းသားထု အစည်းအဝေးကို ဒဂုံတက္ကသိုလ်ဝင်းထဲမှာ ကျင်းပခဲ့ပါတယ်။
အခုမျိုးဆက်ဟာ စစ်အာဏာရှင်စနစ်ကို ကြုံတွေ့ရတဲ့ နောက်ဆုံးမျိုးဆက်ဖြစ်အောင် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရမယ်လို့ ပြောပါတယ်။
စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီရရှိအောင် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဒဂုံတက္ကသိုလ်ကျောင်းသား သမဂ္ဂအနေနဲ့ အခြားကျောင်းသားသမဂ္ဂတွေနဲ့ ပူးပေါင်းသွားမယ်လို့လည်း အစည်းအဝေးမှာ ဆွေးနွေး ခဲ့ကြပါတယ်။