အမေရိကန်က တရားမျှတရေးဆန္ဒပြပွဲမှာ မြန်မာတွေလည်းပါဝင်
အမေရိကန်နိုင်ငံမှာ လူမည်းအမျိုးသားတစ်ဦး လိုတာထက်ပိုပြီး အင်အားသုံး ဖမ်းဆီးခံရပြီးတဲ့နောက် သေဆုံးသွားတဲ့အမှုကအစပြုပြီး နိုင်ငံတစ်ဝန်းမှာ ဆန္ဒပြပွဲတွေဖြစ်ပေါ်နေတာ သီတင်းနှစ်ပတ် နီးလာပါပြီ။
-
2020-06-07 -
-
-
အမေရိကန် အိမ်ဖြူတော်ရှေ့က ဆန္ဒပြပွဲကို သွားရောက်သတင်းယူခဲ့တဲ့ RFA သတင်းထောက် စောဖိုးခွားကို တွေ့ရစဉ်
အမေရိကန်နိုင်ငံမှာ လူမည်းအမျိုးသားတစ်ဦး လိုတာထက်ပိုပြီး အင်အားသုံး ဖမ်းဆီးခံရပြီးတဲ့နောက် သေဆုံးသွားတဲ့အမှုကအစပြုပြီး နိုင်ငံတစ်ဝန်းမှာ ဆန္ဒပြပွဲတွေဖြစ်ပေါ်နေတာ သီတင်းနှစ်ပတ် နီးလာပါပြီ။ ဒီလ ၆ ရက်နေ့တုန်းက ဝါရှင်တန်ဒီစီမှာ ကျင်းပတဲ့ အမေရိကန်တခွင် အကြီးဆုံးဆန္ဒပြပွဲကြီးမှာ မြန်မာတချို့လည်း ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။
အမေရိကန် အိမ်ဖြူတော်ရှေ့က ဆန္ဒပြပွဲကို သွားရောက်သတင်းယူခဲ့တဲ့ RFA သတင်းထောက် စောဖိုးခွားက တင်ပြထားပါတယ်။