ရွေးကောက်ပွဲနဲ့ ရွှေ့ပြောင်းအလုပ်သမား မဲပေးခွင့်

ရွှေ့ပြောင်းအလုပ်သမားတွေ ကိုယ်ရောက်တဲ့မဲဆန္ဒနယ်မှာ ရက်ပေါင်း ၉ဝ ကျော်နေထိုင်ရုံနဲ့ မဲပေးခွင့်ရှိတဲ့ ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ချက်ကို တိုင်းရင်းသားပါတီတွေနဲ့ နိုင်ငံရေးပါတီတချို့က ကန့်ကွက်နေကြပါတယ်။

90days-622

အိမ်ထောင်စုစာရင်းအရ ကိုယ့်မဲဆန္ဒနယ်မဟုတ်တဲ့ တခြားဒေသတွေကို ရောက်နေကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေဟာ ကိုယ်ရောက်တဲ့နေရာမှာ ရက်ပေါင်း ၉ဝ ကျော်နေထိုင်ရုံနဲ့ မဲပေးခွင့်ရှိတယ်... ဆိုပြီး ပြည်သူ့လွှတ်တော်မှာ ပြီးခဲ့တဲ့လက အတည်ပြုခဲ့ပါတယ်။

ဒီပြင်ဆင်ချက်ဟာ တိုင်းရင်းသားနယ်မြေတွေက ဒေသခံတွေရဲ့ နိုင်ငံရေးဆုံးဖြတ်ချက်ကို “ခဏတဖြုတ်”သာ လာနေသူတွေက ဝင်ဆုံးဖြတ်သလို ဖြစ်နေတယ်လို့ တိုင်းရင်းသားပါတီတွေနဲ့ နိုင်ငံရေးပါတီတချို့က ကန့်ကွက်နေကြပါတယ်။ RFA သတင်းထောက် ကိုကျော်လွင်ဦး တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org