စစ်အာဏာရှင် ဆန့်ကျင်ရေး တိုင်းရင်းသား လူမျိုးပေါင်းစုံ ဆန္ဒပြ

စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်တဲ့ ထောင်နဲ့ချီ ဆန္ဒပြသူတွေဟာ မြေနီကုန်း ပဒုမ္မာပန်းခြံကနေ ထိုင်းသံရုံး၊ တရုတ်သံရုံး၊ ရုရှားသံရုံးနဲ့ ရန်ကုန်မြို့လယ် ဆူးလေမှာ ဆန္ဒပြကြပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်ရေး တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင် ဆန္ဒပြကြစဉ် Photo: RFA

စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်တဲ့ ထောင်နဲ့ချီ ဆန္ဒပြသူတွေဟာ မြေနီကုန်း ပဒုမ္မာပန်းခြံကနေ ထိုင်းသံရုံး၊ တရုတ်သံရုံး၊ ရုရှားသံရုံးနဲ့ ရန်ကုန်မြို့လယ် ဆူးလေမှာ ဆန္ဒပြကြပါတယ်။

ထိုင်း၊ တရုတ်နဲ့ ရုရှားသံရုံးတွေကို အိတ်ဖွင့်ပေးစာတွေလည်း ပေးခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေးနဲ့ မတရားဖမ်းဆီးခံရသူတွေ လွတ်မြောက်ရေးဆိုပြီး ကြွေးကြော်ဆန္ဒပြခဲ့ကြတာပါ။

စစ်တပ် အာဏာသိမ်းပြီးနောက် လူမျိုးပေါင်းစုံ ပါဝင်တဲ့ အထွေထွေသပိတ် ကော်မတီကို ဖွဲ့စည်းပြီး နေ့စဉ်ဆန္ဒပြနေကြတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org