NLD ဦးပြူးလွင်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးဦးလှဆွေအမှု

မကွေးတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်-၁၂ မှာ အနိုင်ရထားတဲ့ NLD ပါတီကိုယ်စားလှယ် ဦးပြူးလွင်ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးလှဆွေက ရွေးကောက်ပွဲဥပဒေအရ တရားစွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ခေါ်ယူ စစ်ဆေးခဲ့ပါတယ်။

မကွေးတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်-၁၂ မှာ အနိုင်ရထားတဲ့ NLD ပါတီကိုယ်စားလှယ် ဦးပြူးလွင်ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးလှဆွေက ရွေးကောက်ပွဲဥပဒေအရ တရားစွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ခေါ်ယူ စစ်ဆေးခဲ့ပါတယ်။ ဦးပြူးလွင်ဟာ ဖေဖော်ဝါရီလ ၃ ရက် စတင်ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ်တစ်ယောက်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးဖြစ်တာကြောင့် ဒီအမှု ရှုံးနိမ့်ခဲ့ရင်တောင် ဦးလှဆွေ အနေနဲ့ ကိုယ်စားလှယ် မဖြစ်နိုင်တော့ဘူးလို့ သိရပါတယ်။ ဦးပြူးလွင်ကို RFA သတင်းထောက် ကိုမျိုးသန့်ခိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org