မန္တလေးမှာ ပစ်သတ်ခံရတဲ့ မောင်ထွန်းထွန်းအောင် (၁၅ နှစ်) နာရေး
မန္တလေးမြို့၊ ချမ်းမြသာစည်ရပ်ကွက်မှာ အမေဖြစ်သူအတွက် သောက်ရေခပ်ပေးဖို့ အိမ်အပြင်အထွက်မှာ အသက် ၁၅ နှစ်အရွယ် မောင်ထွန်းထွန်းအောင် သေနတ်ကျည်ဆန် ထိမှန်သေဆုံးခဲ့ပါတယ်။
- 2021-03-22
-
-
-
မန္တလေးမှာ ပစ်သတ်ခံရတဲ့ မောင်ထွန်းထွန်းအောင် (၁၅ နှစ်) နာရေး။
Photo: RFA
မန္တလေးမြို့၊ ချမ်းမြသာစည်ရပ်ကွက်မှာ အမေဖြစ်သူအတွက် သောက်ရေခပ်ပေးဖို့ အိမ်အပြင်အထွက်မှာ အသက် ၁၅ နှစ်အရွယ် မောင်ထွန်းထွန်းအောင် သေနတ်ကျည်ဆန် ထိမှန်သေဆုံးခဲ့ပါတယ်။
မောင်ထွန်းထွန်းအောင်တို့ မိသားစုဟာ ဖခင်မရှိပါဘူး။ မိခင်ဖြစ်သူနဲ့ ညီအစ်ကို ၃ ယောက်တို့ စုပေါင်းပြီး ချမ်းမြသာစည်မြို့နယ် ၅၁ လမ်း ၁၁၇ B လမ်းက ကျူးကျော်တဲမှာ အလှူရှင် လှူဒါန်းပေးထားတဲ့ ကျူးကျော်တဲမှာ နေထိုင်ကြသူတွေပါ။
၈တန်း တက်နေသူဖြစ်ပြီး ကျောင်းပိတ်ရက်မှာ ကျောက်သွေးလုပ်ငန်း လုပ်ကိုင်ပြီး မိသားစုကို လုပ်ကိုင်ကျွေးနေတဲ့ ကလေးငယ် တစ်ယောက်လည်း ဖြစ်ပါတယ်။
ချမ်းမြသာစည်မြို့နယ်အတွင်းက အောင်သာယာ၊ အောင်ပင်လယ်၊ သင်ပန်းကုန်းနဲ့ မြရည်နန္ဒာ ရပ်ကွက်အတွင်းကို မနေ့မနက်က စတင်ပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက ပစ်ခတ်နေပြီး ဒီကနေ့ တစ်ရက်ထဲမှာ သေဆုံးသူ ၄ ယောက် ရှိသွားပါပြီ။