မြောက်ဖျားက ရွှေတောများ အပိုင်း(၂)
တစ်ပတ် ဒုတိယပိုင်းအနေနဲ့ ကချင်ပြည်နယ် မိုင်းနောင် ရွှေလုပ်ကွက်တွေကို သွားရောက်လေ့လာခဲ့ရာမှာ သိရှိခဲ့ရတဲ့ ရွှေလုပ်သားတွေအကြောင်းကို တင်ပြပေးမှာပါ။
-
2016-03-16 -
-
-
ကချင်ပြည်နယ်က ရွှေတူးဖော်ရေးလုပ်ငန်းတွေ အကြောင်းနဲ့ ရွှေလုပ်သားတွေ အကြောင်းကို RFA က အပိုင်းလိုက်ခွဲပြီး တင်ပြပေးနေပါတယ်။ ဒီတစ်ပတ် ဒုတိယပိုင်းအနေနဲ့ ကချင်ပြည်နယ် မိုင်းနောင် ရွှေလုပ်ကွက်တွေကို သွားရောက်လေ့လာခဲ့ရာမှာ သိရှိခဲ့ရတဲ့ ရွှေလုပ်သားတွေအကြောင်းကို တင်ပြပေးမှာပါ။ "ရွှေလုပ်သားတွေ" လို့ ဆိုလိုက်တာနဲ့ ဝင်ငွေကောင်းတဲ့သူတွေလို့ သာမန်အားဖြင့် ထင်ရပေမယ့်၊ တကယ်တော့ ရွှေလုပ်သားတွေ ဟာ နေ့စဉ်ဝမ်းရေးအတွက် ဆင်းဆင်းရဲရဲနဲ့ အလုပ်လုပ်နေရသူတွေပဲ ဖြစ်ပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကိုက စုစည်းတင်ပြထားပါတယ်။