သီပေါတရားရုံးကသတင်းထောက် ၃ ဦးအမှု

မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)နဲ့တရားစွဲဆိုခံထားရတဲ့ သတင်းသမားသုံးဦးနဲ့ အရပ်သားတစ်ဦး အမှုဟာ သီပေါမြို့နယ်တရားရုံးမှာ စက်တင်ဘာ ၄ ရက်နေ့ရုံးချိန်းမှာ အမှုမပြီးပြတ်ခဲ့ဘဲ လာမယ့် စက်တင်ဘာလ ၁၅ရက်နေ့ ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။

မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)နဲ့တရားစွဲဆိုခံထားရတဲ့ သတင်းသမားသုံးဦးနဲ့ အရပ်သားတစ်ဦး အမှုဟာ သီပေါမြို့နယ်တရားရုံးမှာ စက်တင်ဘာ ၄ ရက်နေ့ရုံးချိန်းမှာ အမှုမပြီးပြတ်ခဲ့ဘဲ လာမယ့် စက်တင်ဘာလ ၁၅ရက်နေ့ ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။ အဲဒီအမှုနဲ့ ဆက်စပ်ပြီး ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ(၈)နဲ့ တရားစွဲခံထားရတဲ့ ကားသမား နှစ်ဦးကိုတော့ ဒီကနေ့မှာ အာမခံနဲ့လွှတ်ပေးခဲ့ပါတယ်။ RFAသတင်းထောက် ကိုကံသာ က တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org