တရားလွှတ်တော်ချုပ်ရုံး ဆောင်ရွက်ချက်
2017.04.06
EU ဥရောပသမဂ္ဂအဖွဲ့ တည်ထောင်တဲ့ နှစ် ၆ဝ ပြည့် အထိမ်းအမှတ်အဖြစ် အခုနှစ်ကစပြီး ပထမဆုံး ပေးအပ်တဲ့ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေးဆု "Schuman Award" ကို မြန်မာနိုင်ငံက လုပ်ကြံခံရတဲ့ ရှေ့နေဦးကိုနီ၊ ညီမျှခြင်းမြန်မာအဖွဲ့က ဦးအောင်မျိုးမင်းနဲ့၊ ကချင်အမျိုးသမီး ဒေါ်ဂျာနန်လထော တို့ကို ချီးမြင့်လိုက်ပါတယ်။ ဆုချီးမြှင့်ခံရသူတွေထဲက တဦးဖြစ်တဲ့ ဦးအောင်မျိုးမင်းကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက တွေ့ဆုံမေးမြန်းထားပါတယ်။