ဦးတေဇာဓိပတိနှင့် တွေ့ဆုံခြင်း
2015.04.14
အစ္စလာမ်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ အကြား ပဋိပက္ခမဖြစ်ပွားရေး၊ အပြန်အလှန် နားလည်ချစ်ကြည်ရေး၊ စိတ်ရှည်သည်းခံရေးလုပ်ငန်းတွေကို ကြိုးပမ်းဆောင်ရွက်နေတဲ့ စစ်ကိုင်းတိုင်း ရွှေဘိုမြို့၊ ရွှေခြင်္သေ့ကျောင်းတိုက်ဆရာတော် ဦးတေဇာဓိပတိဟာ ဝါရှင်တန်မြို့တော်အခြေစိုက် USIP (ခေါ်) “အမေရိကန် ငြိမ်းချမ်းရေးသုတေသနသိပ္ပံဌာန” ရဲ့ အစီအစဉ်နဲ့ အမေရိကန် ပြည်ထောင်စုမှာ ရောက်ရှိနေပါတယ်။ ဆရာတော်ကို ဝါရှင်တန်ဒီစီမြို့တော်က RFA ရုံးချုပ်မှာ ကိုကျော်ကျော်အောင်က လျှောက်ထား မေးမြန်းထားပါတယ်ရှင်။