ဗိုလ်ချုပ်ဂွမ်မော်နှင့် ဆက်သွယ်မေးမြန်းချက်
2017.03.30
မတ်လ ၂၈ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကချင်လူထုခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေး ကြတာဟာ အားရစရာကောင်းသလို ဘဝင်မကျစရာတွေလည်း ရှိတယ်လို့ KIO ကချင်လွတ်လပ်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချူပ်ဂွမ်မော် က သူ့ရဲ့ Facebook လူမှုရေးစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ဒီလိုရေးသားတာနဲ့ ပတ်သက်ပြီး ဗိုလ်ချူပ်ဂွမ်မော် ကို RFA သတင်းထောက် အောင်မိုးမြင့် က တယ်လီဖုန်းက တဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။