မကွေးတိုင်းဝန်ကြီးချုပ်ဟောင်းရဲ့ ကြွေးကျန်ငွေ
အစိုးရအကူးအပြောင်းမှာ စာရင်းပျောက်နေတဲ့ မကွေးတိုင်းအစိုးရရန်ပုံငွေ ကျပ်သန်း ၇ ထောင်ကျော်ထဲက သန်း ၃ ထောင်ကျော်ကို တိုင်းဝန်ကြီး ချုပ်ဟောင်း ဦးဘုန်းမော်ရွှေနဲ့ ရွှေသုခ အသေးစား ငွေချေးအသင်းက ဇူလိုင်လကုန် နောက်ဆုံးထားပြီး လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။
-
2017-07-13 -

ဒီနေ့အထိ ကျပ် သန်း ၂ ထောင့် ၃ ရာ လွှဲပြောင်းပေးထားပြီး၊ သန်းတထောင်နီးပါး လွှဲပြောင်းပေးဖို့ ကျန်သေးတယ်လို့ မကွေးတိုင်းအစိုးရ ဝန်ကြီးဦးနေမျိုးကျော်က ပြောပါတယ်။
ဦးနေမျိုးကျော်ကို RFA သတင်းထောက် မသက်စုအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။