စစ်တွေမြို့က မြေယာလျော်ကြေးပြဿနာ
ရခိုင်ပြည်နယ် စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်က စက်မှုမြေ ဧကပေါင်း တရာကျော်နဲ့ ပတ်သက်ပြီး မူလပိုင်ရှင်တွေနဲ့ အစိုးရအကြား လျော်ကြေးကိစ္စ ပြေလည်မှု မရသေးဘဲ ဖြစ်နေပါတယ်။
-
2017-06-17 -
-
-
ရခိုင်ပြည်နယ် စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်က စက်မှုမြေ ဧကပေါင်း တရာကျော်နဲ့ ပတ်သက်ပြီး မူလပိုင်ရှင်တွေနဲ့ အစိုးရအကြား လျော်ကြေးကိစ္စ ပြေလည်မှု မရသေးဘဲ ဖြစ်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ် အစိုးရအဖွဲ့က ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးဖို့ လိုအပ်နေ တယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလက ပြည်နယ်လွှတ်တော်မှာ စစ်တွေမြို့နယ် လွှတ်တေ်ာကိုယ်စားလှယ် ဦးအေးသိန်းက အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။ ဦးအေးသိန်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင်က တွေ့ဆုံမေးမြန်း ထားပါတယ်။