မြန်မာ ရွေ့လျားပညာရေး အစီအစဉ်
2017.04.19
မြန်မာနိုင်ငံမှာ ကျောင်းမနေနိုင်ဘဲ၊ စာသင်ခန်းပြင်ပကို ရောက်နေတဲ့ ကလေး ၅ သန်းကျော် ရှိနေပါတယ်။ အဲဒီကလေးတွေကို ပညာ သင်ကြားပေးဖို့အတွက် ပညာရေးဝန်ကြီးဌာန "ကျောင်းပြင်ပနဲ့ တသက်တာပညာရေးဌာန" နဲ့ပူးပေါင်းပြီး "မြန်မာ ရွေ့လျားပညာရေး စီမံကိန်း- myME Project" အဖွဲ့က ဆောင်ရွက်နေပါတယ်။ myME Project အဖွဲ့ တည်ထောင်သူ ဦးတင်မောင်မောင်အေးကို RFA ဝိုင်းတော်သူ မခက်မာက တွေ့ဆုံမေးမြန်းထား ပါတယ်။