ပြည်ထောင်စုနေ့စဉ်သတင်းစာရပ်ဆိုင်းမှု

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့အာဘော်ကို အဓိက ရေးသားဖော်ပြနေတဲ့ ပြည်ထောင်စုနေ့စဉ်သတင်းစာကို ယာယီရပ်ဆိုင်းဖို့ ပြန်ကြားရေးဝန်ကြီးဌာနက သြဂုတ်လ ၁၃ ရက်နေ့က ညွန်ကြားလိုက်ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့အာဘော်ကို အဓိက ရေးသားဖော်ပြနေတဲ့ ပြည်ထောင်စုနေ့စဉ်သတင်းစာကို ယာယီရပ်ဆိုင်းဖို့ ပြန်ကြားရေးဝန်ကြီးဌာနက သြဂုတ်လ ၁၃ ရက်နေ့က ညွန်ကြားလိုက်ပါတယ်။ သြဂုတ်လ ၁၄ ရက်နေ့ ညနေပိုင်းမှာ သတင်းစာတာဝန်ရှိသူတွေက ရုံးတွင်းအစည်းအဝေးကျင်းပပြီးနောက် သတင်းစာကို နာမည်အသစ်နဲ့ ပြောင်းလဲထုတ်ဝေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သြဂုတ်လ ၁၄ ရက်နေ့ အစည်းအဝေးမစခင်မှာ ပြည်ထောင်စုနေ့စဉ်သတင်းစာ အယ်ဒီတာ မယဉ်ယဉ်လှကို RFA သတင်းထောက် မသီရိမင်းဇင်က တွေ့ဆုံမေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org