မြန်မာဈေးကွက်ရောက် ဂျပန်တစ်ပတ်ရစ်ပစ္စည်းများ

မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံကနေ တင်သွင်းလာတဲ့ တစ်ပတ်ရစ် မော်တော်ကားတွေနဲ့ လျှပ်စစ်ပစ္စည်းတွေကအစ စက်ဘီး ၊ အိုးခွက်ပန်းကန်နဲ့ လူသုံးကုန်ပစ္စည်းတွေအထိ တွင်တွင်ကျယ်ကျယ် တင်သွင်းရောင်းချနေကြပါတယ်။

မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံကနေ တင်သွင်းလာတဲ့ တစ်ပတ်ရစ် ကုန်ပစ္စည်းဈေးကွက် အခိုင်အမာ ရှိနေပါတယ်။

အရင်က ဂျပန်နိုင်ငံမှာ အသုံးပြုပြီးသား မော်တော်ကားတွေနဲ့ လျှပ်စစ်ပစ္စည်းတွေကိုပဲ အဓိကထား တင်သွင်းခဲ့ပေမယ့် အခုအခါမှာတော့ စက်ဘီး ၊ အိုးခွက် ပန်းကန်နဲ့ လူသုံးကုန်ပစ္စည်းတွေအထိပါ တွင်တွင်ကျယ်ကျယ် တင်သွင်းရောင်းချ လာကြပါတယ်။

တစ်ပတ်ရစ်ပစ္စည်းတွေကို ပြန်လည်သုံးစွဲတာဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ကူညီရာရောက်တယ်လို့ ကမ္ဘာ့နိုင်ငံတော်တော်များများက လက်ခံထားပါတယ်။ မြန်မာနိုင်ငံမှာရော ဘာ့ကြောင့် ဂျပန်ပစ္စည်းအဟောင်းတွေကို နှစ်သက်နေကြတာပါလဲ။

RFA သတင်းထောက် ရှင်ဒေဝီက ရိုက်ကူး တင်ဆက်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org