လွိုင်ကော်ဆန္ဒပြပွဲဖြိုခွဲမှု ဒေသခံတွေအမြင်

လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ပြန်ရုပ်သိမ်းပေးဖို့ ဆန္ဒပြသူတွေကို ရာဘာကျည်နဲ့ ပစ်ခတ် လူစုခွဲခဲ့တာဟာ ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဖြေရှင်းခဲ့တာဖြစ်တယ်လို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုက RFA ကို ပြောလိုက်ပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံမှာထားမယ့် ဗိုလ်ချုပ်ကြေးရုပ်တုကို တွေ့ရစဉ် Photo: Thiha Tun/RFA

 

လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ပြန်ရုပ်သိမ်းပေးဖို့ ဆန္ဒပြသူတွေကို ရာဘာကျည်နဲ့ ပစ်ခတ် လူစုခွဲခဲ့တာဟာ ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဖြေရှင်းခဲ့တာဖြစ်တယ်လို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုက RFA ကို ပြောလိုက်ပါတယ်။ ဒါပေမယ့် မလိုလားအပ်တဲ့ အခြေအနေတွေ ဖြစ်သွားတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့လည်း ပြောပါတယ်။

ဦးအယ်ဖောင်းရှိုရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး ကယာပြည်နယ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဗိုလ်ချုပ်ကြေးရုပ် ဖယ်ရှားပေးရေး ဆန္ဒပြအဖွဲ့ ခေါင်းဆောင်တွေရဲ့ သဘောထားတွေကို RFA သတင်းထောက် ကိုသီဟထွန်းက စုစည်းတင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org