KIA နှင့် အစိုးရအဖွဲ့တွေ့ဆုံပွဲ (ကောက်နှုတ်တင်ပြချက်)
KIA ကချင်လွတ်မြောက်ရေး တပ်ဖွဲ့နဲ့ အစိုးရ ကိုယ်စားလှယ်တို့ ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ အခုအချိန်အထိ တိကျတဲ့ အဖြေ မရရှိသေးပါဘူး။
-
2011-08-16 -
-
-
ဒီအတောအတွင်း သြဂုတ်လ ၁၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ KIA/KIO အဖွဲ့က နှစ်ဖက် ငြိမ်းချမ်းရေး သဘောတူညီချက်တွေကို မလိုက်နာဘဲ ချိုးဖောက်ခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ပြောပါတယ်။ ၂၀၁၁ ခုနှစ် သြဂုတ်လ ၂ ရက်နေ့က KIA ကချင်လွတ်မြောက်ရေး တပ်ဖွဲ့နဲ့ အစိုးရ ကိုယ်စားလှယ်တို့ တွေ့ဆုံချိန်မှာ KIA က မေးမြန်းခဲ့တဲ့ ထာဝရ ငြိမ်းချမ်းရေး အတွက် အစိုးရက ဘယ်လို အဓိပ္ပါယ် ဖွင့်ဆိုပြီး KIA ကို ဘယ်လို သဘောထားသလဲ ဆိုတဲ့ မေးခွန်းအပေါ် အစိုးရ ကိုယ်စားလှယ်ရဲ့ ဖြေကြားချက်တွေကို ကောက်နှုတ် တင်ပြထားပါတယ်။