KNU နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တွေ့ဆုံ

KNU ကရင်အမျိုးသားအစည်းအရုံးနဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်တွေ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။

KNU ကရင်အမျိုးသားအစည်းအရုံးနှင့် အစိုးရငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၂ဝ၁၉ မတ်လ ၈ ရက်နေ့က တွေ့ဆုံစဉ်။ (Aung Moe Myint/RFA)

 

KNU ကရင်အမျိုးသားအစည်းအရုံးနဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်တွေ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။ KNU နဲ့ တပ်မတော်ခေါင်းဆောင်တွေ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တို့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးကြဖို့ နှစ်ဖက်သဘောတူခဲ့ကြတယ်လို့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးဇော်ဌေးက ပြောပါတယ်။

RFA သတင်းထောက် ဦးအောင်မိုးမြင့်က သတင်းပေးပို့ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org