ရှေ့နေဦးကိုနီလုပ်ကြံမှုနဲ့ အဓိကတရားခံ

ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုမှာ တရားခံတွေကို ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ပေမယ့်၊ ဖမ်းဝရမ်း ထုတ်ထားတဲ့ အောင်ဝင်းခိုင်ကို အခုထိ ဘာကြောင့် ဖမ်းမမိသေးတာလဲ၊ အောင်ဝင်းခိုင်ဘယ်မှာလဲ ဆိုတာ အခုထိ အတိအကျမသိရသေးပါဘူး။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ရဲ့ ရုပ်အလောင်းကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့က ရေဝေးသုဿန်မှာရှိတဲ့ အစ္စလာမ်သင်္ချိုင်းမှာ သဂြိုဟ်ဖို့ သယ်ဆောင်လာစဉ် Photo: Kyaw Zaw Win/ RFA

ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုမှာ တရားခံတွေကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပေမယ့်၊ ဖမ်းဝရမ်းထုတ်ထားတဲ့ အောင်ဝင်းခိုင်ကတော့ လွတ်မြောက်နေဆဲပါ။ သူ့ကို အဓိက စီစဉ်သူလို့ ယုံကြည်ထားကြတဲ့အတွက်… ဦးကိုနီ ဘာကြောင့် အသတ်ခံရတာလဲ၊ အောင်ဝင်းခိုင်ကို အခုထိ ဘာကြောင့် ဖမ်းမမိသေးတာလဲ၊ အောင်ဝင်းခိုင်ဘယ်မှာလဲဆိုတာ အခုထိ အတိအကျမသိရသေးဘူးဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မနန္ဒာချမ်းက တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org