ကွက်ခိုင်မှာလက်နက်ကြီးကျလို့ သုံးဦး ထိခိုက်ဒဏ်ရာရ
ကွတ်ခိုင်မြို့နယ် လွယ်ပယ်စုစည်းရွာမှာ သြဂုတ်လ ၂၃ ရက်နေ့ညက ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျတာကြောင့် ဒေသခံ သုံးဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။
-
2019-08-25 -
-
-
ကွတ်ခိုင်မြို့နယ် လွယ်ပယ်စုစည်းရွာသားတွေ ၂၀၁၉၊ သြဂုတ် ၂၄ ရက်နေ့က ပရဟတိအဖွဲ့တွေရဲ့ အကူအညီနဲ့ကွတ်ခိုင်မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေကြစဉ်
ဓါတ်ပုံ - ကံသာ/ RFA
ကွတ်ခိုင်မြို့နယ် လွယ်ပယ်စုစည်းရွာမှာ သြဂုတ်လ ၂၃ ရက်နေ့ညက ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျတာကြောင့် ဒေသခံ သုံးဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။ အဲဒီရွာက ရွာသားတွေဟာ ပရဟတိအဖွဲ့တွေရဲ့ အကူအညီနဲ့ကွတ်ခိုင်မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
ကွတ်ခိုင်-သိန္နီမြို့နယ်တွေက စစ်ရေးနဲ့ဒုက္ခသည်တွေ အခြေအနေကို RFA သတင်းထောက် ကိုကံသာက သတင်းပေးပို့ထားပါတယ်။