လောက်ကိုင်မြို့က နောက်ဆုံးအခြေအနေ


2017.03.08

ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ကို MNDAA ကိုးကန့်တပ်ဖွဲ့က မနေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ ပြီးနောက် ဒေသခံတွေ တရုတ်နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေသလို မကွေးတိုင်းကနေ ကြံလုပ်ငန်း လာရောက်လုပ်ကိုင်သူတွေလည်း နေရပ်ပြန်ဖို့ စီစဉ်နေကြပါတယ်။ လောက်ကိုင်ကနေ လားရှိုး မြို့ကို ကားခ ကျပ်တသိန်းဝန်းကျင်အထိ ဈေးမြင့်တက်သွားတဲ့အတွက် အလုပ်သမားတသောင်းလောက် နေရပ်ပြန်ဖို့ အခက်အခဲဖြစ်နေပြီး ကူညီကယ်ဆယ်ရေး ကားတွေကို စောင့်ဆိုင်းနေတယ်လို့ လောက်ကိုင်မြို့ကို ရောက်နေတဲ့ RFA သတင်းထောက် ကိုကံသာက ပြောပါတယ်။ ကိုကံသာကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။