လက်ပံတောင်းတောင်ပစ်ခတ်မှု
2017.04.03
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ဝမ်ပေါင်ကုမ္ပဏီပိုင် ကျောက်သယ်ယာဉ်တွေကို ပုသိမ်-မုံရွာ ကားလမ်းပေါ်ကနေ မဖြတ်သန်းဖို့ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က တားဆီးဆန္ဒပြခဲ့တဲ့ ဒေသခံတွေကို ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ပြီး လူစုခွဲခဲ့ပါတယ်။ အဲဒီလို လုပ်ဆောင်တာဟာ ရွာသူရွာသားတွေကို သေစေချင်တဲ့ ဆန္ဒမျိုးနဲ့ ပစ်ခတ်ခဲ့တာ မဟုတ်ဘူးလို့ ဆားလင်းကြီး မြို့နယ်ရဲတပ်ဖွဲ့က ငြင်းဆိုထားပေမယ့် ဒေသခံတွေက တော့… ရဲတပ်ဖွဲ့က ခဲသီးကျည်တွေကိုပါ အသုံးပြု ပစ်ခတ်ခဲ့တာလို့ ဧပြီလ ၃ရက်နေ့က ပြောလိုက်ပါတယ်။ RFA သတင်းထောက် မဝေယံမိုးမြင့်က တင်ပြထားပါတယ်။