လက်ပံတောင်းဒေသခံတွေ စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြ
၂၀၁၂ ခုနှစ်က တရုတ်ကြေးနီစီမံကိန်းကြောင့် လယ်မြေအများဆုံး အသိမ်းခံရတဲ့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသက ကျေးရွာ သုံးရွာ စုပေါင်းထားတဲ့ သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း ကျေးရွာအတွင်းမှာ ဒီနေ့ လှည့်လည်ဆန္ဒပြခဲ့ပါတယ်။
- 2021-03-25
-
-
-
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသက ကျေးရွာသုံးရွာပေါင်းပြီး စစ်အာဏရှင်စနစ်အလိုမရှိကြောင်း ၂၀၂၁ မတ်လ ၂၅ ရက်နေ့က လှည့်လည်ဆန္ဒပြစဉ်
၂၀၁၂ ခုနှစ်က တရုတ်ကြေးနီစီမံကိန်းကြောင့် လယ်မြေအများဆုံး အသိမ်းခံရတဲ့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသက ကျေးရွာ သုံးရွာ စုပေါင်းထားတဲ့ သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း ကျေးရွာအတွင်းမှာ ဒီနေ့ လှည့်လည်ဆန္ဒပြခဲ့ပါတယ်။ ဒီဆန္ဒပြပွဲမှာ မိုးကြိုးပြင် မြောက်ရွာ၊ တောင်ရွာနဲ့ အလယ်ရွာက လူဦးရေး ၃၀၀ ကျော်ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာမှာလည်း စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဒီနေ့ ကျေးရွာအတွင်း လှည့်လည်ဆန္ဒပြခဲ့ပါတယ်။