မန္တလေးမြို့ပေါ်မှာ တိုက်လေယာဉ် ၅ စင်း ပျံသန်းခဲ့
မတ်လ ၄ ရက် ဒီနေ့မနက် ၈ နာရီခွဲခန့်မှာ အရပ်သားပြည်သူတွေနေထိုင်တဲ့ မန္တလေးမြို့တွင်း ကောင်းကင်မှာ တပ်မတော်က တိုက်လေယာဉ် ၅ စင်း ပျံသန်းစေခဲ့ပါတယ်။
- 2021-03-04
-
-
-
မန္တလေးမြို့တွင်း ကောင်းကင်မှာ တပ်မတော်က ပျံသန်းစေခဲ့တဲ့ တိုက်လေယာဉ် ၅ စင်း။
Photo: Citizen Journalist
မတ်လ ၄ ရက် ဒီနေ့မနက် ၈ နာရီခွဲခန့်မှာ အရပ်သားပြည်သူတွေနေထိုင်တဲ့ မန္တလေးမြို့တွင်း ကောင်းကင်မှာ တပ်မတော်က တိုက်လေယာဉ် ၅ စင်း ပျံသန်းစေခဲ့ပါတယ်။ အစဉ်အလာမရှိ လေတပ်စခန်းတွေနဲ့လည်း မနီးစပ်တဲ့ လူဦးရေ ဒုတိယအများဆုံးနေထိုင်တဲ့ မန္တလေးမြို့ပေါ်မှာ တိုက်လေယာဉ်တွေ ပျံသန်းပြစေခဲ့တာဟာ စစ်အာဏာရှင်စနစ် ဖီဆန်ရေး နေ့စဉ် လုပ်နေတဲ့ အရပ်သား ပြည်သူတွေကို ခြောက်လှန့်တာလို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၃ ရက်နေ့ မနေ့ကလည်း ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်တွင်း ဆန္ဒပြပြည်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ အကြမ်းဖက်ဖြိုခွဲချိန် ဝေဟင်ကနေ မျက်ရည်ယိုဗုံးတွေ ပစ်ချခဲ့တဲ့ ဗီဒီယိုတွေလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့ ပေါ်ထွက်ခဲ့ပါတယ်။