အဆိုတော် မာမာအေး RFA ကိုပြောခဲ့တဲ့ စကားများ
2024.01.26
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က ကွယ်လွန်သွားတဲ့ အဆိုတော်မာမာအေးရဲ့ စျာပနကို အမေရိကန်ပြည်ထောင်စု ဖို့ဒ်ဝိန်းမြို့မှာ ဇန်နဝါရီလ ၂၇ ရက် စနေနေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။ ဒေါ်မာမာအေး သက်ရှိထင်ရှားရှိခဲ့ချိန်က မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့အတွက် RFA က တွေ့ဆုံမေးမြန်းခွင့် ရခဲ့ပါတယ်။ အဲဒီ မေးမြန်းခန်းကို ပရိသတ်တွေဆီ မထုတ်လွှင့်ခဲ့ရသေးပါဘူး။ ဒါကြောင့် ဒေါ်မာမာအေးပြောပြခဲ့တဲ့ မြန်မာပြည်မှာ အဆိုပညာသင်တဲ့ကျောင်းတွေ မရှိသေးတဲ့အကြောင်း၊ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကာလမှာ အသည်းနာကမ္ဘာမကျေသီချင်း သီဆိုဖြစ်ခဲ့ပုံ၊ တိုင်းရင်းသားတွေအပေါ် သူ့သဘောထားနဲ့ အမေရိကန်ပြည်ထောင်စုမှာ သူ့လုပ်အားနဲ့သူ ရပ်တည်ခဲ့တဲ့အကြောင်းတွေကို အမှတ်တရအဖြစ် ထုတ်လွှင့်လိုက်ပါတယ်။