မန္တလေးမှာ မနေ့ညက အမျိုးသားတစ်ဦး မီးရှို့အသတ်ခံရ

မနေ့ည ၁၀ နာရီကျော်လောက်မှာ မန္တလေးမြို့၊ မင်းတဲအီကင်းရပ်ကွက်ရုံးက မီးလောင်တဲ့နေရာကို စစ်တပ်က လာရောက်စဉ် ထွက်ကြည့်ခဲ့တဲ့ အမျိုးသားတစ်ယောက် မီးရှို့အသတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးမြို့၊ မင်းတဲအီကင်းရပ်ကွက်မှာ စစ်တပ်က မီးရှို့သတ်ဖြတ်တယ်ဆိုတဲ့ နေရာကို ၂၀၂၁ မတ် ၂၈ ရက်နေ့က တွေ့ရစဉ် Photo: CJ

မနေ့ည ၁၀ နာရီကျော်လောက်မှာ မန္တလေးမြို့၊ မင်းတဲအီကင်းရပ်ကွက်ရုံးက မီးလောင်တဲ့နေရာကို စစ်တပ်က လာရောက်စဉ် ထွက်ကြည့်ခဲ့တဲ့ အမျိုးသားတစ်ယောက် မီးရှို့အသတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"စစ်သားတွေက ၁၉ လမ်းကနေ ဆင်းလာတယ်။ လူ သုံးယောက်က ထွက်ကြည့်တော့ တစ်ယောက် ဗိုက်မှန်တယ်။ ကျန်တဲ့သူတွေ ပြေးဖို့ အော်တယ်။ နှစ်ယောက် ထွက်ပြေးခဲ့တယ်။ ဗိုက်မှန်ပေမဲ့ သူက မသေသေးဘူး၊ အဲဒါကို တာယာမီးပုံထဲ ထည့်ရှို့သတ်လိုက်တာ" လို့ ရပ်ကွက်နေပြည်သူတစ်ယောက်က ပြောပါတယ်။

သေဆုံးသူ ကိုအေးကို ဟာ အသက် (၄၂) နှစ်ရှိပြီး သားသမီး လေးဦးရှိတဲ့ ဖခင်တစ်ဦးဖြစ်ပါတယ်။

သူတို့မိသားစုဟာ ကျူးကျော်တဲမှာ နေထိုင်နေရတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org