မန္တလေးမှာ ပစ်ခတ်ဖြိုခွင်းခံရလို့ သေဆုံးသူ နှစ်ဦးရှိလာ
မန္တလေးမြို့မှာ စစ်အာဏာရှင်ကျဆုံးရေးအတွက် ဆန္ဒပြနေသူတွေကို စစ်တပ်နဲ့ ရဲက အကြမ်းဖက်ဖြိုခွင်းတာကြောင့် ၁၁ နာရီအထိ ကျဆုံးသူ နှစ်ယောက် ရှိသွားပါပြီ။
- 2021-03-27
-
-
-
မန္တလေးမြို့မှာ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ကျဆုံးသူ နှစ်ယောက်ကို ၂၀၂၁ မတ်လ ၂၇ရက်နေ့က တွေ့ရစဉ်
Photo: RFA
မန္တလေးမြို့မှာ စစ်အာဏာရှင်ကျဆုံးရေးအတွက် ဆန္ဒပြနေသူတွေကို စစ်တပ်နဲ့ ရဲက အကြမ်းဖက်ဖြိုခွင်းတာကြောင့် ၁၁ နာရီအထိ သေဆုံးသူ နှစ်ယောက် ရှိသွားပါပြီ။
တစ်ယောက်ကတော့ ကိုရာဇာလင်း အသက် (၃၆) နှစ်ဖြစ်ပြီး ဆီးခုံကို ပစ်ခံရတာပါ။ နောက်တစ်ယောက်ကတော့ မသိရသေးပါဘူး။
အခု သေဆုံးသူတွေဟာ ၁၉ လမ်း ၈၁ လမ်း၀န်ကျင်မှာ ပစ်ခံရသူတွေပါ။
ဒီကနေ့ ၁၁ နာရီအထိ ပစ်ခတ်ခံထားရသူ ၁၀ ယောက် ကျော်ရှိနေပြီး ဆီးခုံပစ်ခံရသူတွေ များပါတယ်။