တရားစီရင်ရေးပြန်လည်တည့်မတ်ရေး


2017.03.08

တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေတကို ပြန်ပြီးတည့်မတ်နိုင်ဖို့အတွက် ပြည်ထောင်စုတရား လွှတ်တော်ချုပ်ထံ တိုက်တွန်းကြောင်းအဆိုကို လွှတ်တော် ကိုယ်စားလှယ် ၂၅ ဦးက ဆွေးနွေးပြီး ပြည်သူ့ လွှတ်တော်မှာ မတ်လ ၇ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။

ဒီအဆိုနဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့ကိုယ်စားလှယ်တွေဟာ တရားရုံးကို မထီမဲ့မြင်ပြုရာ ရောက်တယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က ပြောကြားခဲ့တဲ့အတွက် ဦးစိုးညွန့်ကို လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က သတိပေးခဲ့ပါတယ်။ RFA သတင်းထောက် မသက်စုအောင်က တင်ပြထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။