ရွှေတိဂုံအရှေ့မုဒ်က အစ္စလာမ်ဈေးဆိုင်တွေ အပိတ်ခံရမှု

ရန်ကုန်မြို့က ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်အနီး မှာ ဈေးရောင်းနေတဲ့ အစ္စလာမ်ဘာသာဝင်တွေ ရဲ့ ဈေးဆိုင်တွေကို သံဃာတချို့က ပိတ်သိမ်းခဲ့ပြီး၊ ကိုယ်ထိလက်ရောက် ရိုက်နှက်တာတွေ ရှိခဲ့တဲ့ အတွက် အရေးယူပေးဖို့ အင်တာနက်မှာ လက်မှတ်တွေ ကောက်ယူနေပါတယ်။

ရန်ကုန်မြို့က ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်အနီးမှာ ဈေးရောင်းနေတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဈေးဆိုင်တွေကို သံဃာတချို့က ပိတ်သိမ်းခဲ့ပြီး၊ ကိုယ်ထိလက်ရောက် ရိုက်နှက်တာတွေ ရှိခဲ့တဲ့အတွက် အရေးယူပေးဖို့ အင်တာနက်မှာ လက်မှတ်တွေ ကောက်ယူနေပါတယ်။ ရန်ကုန်တိုင်းအစိုးရအနေနဲ့ ဒီကိစ္စကို အရေးယူပေးဖို့ "လူငယ်နဲ့ လူမှုသဟဇာတဖြစ်ရေး" စင်တာအဖွဲ့ဝင်တွေက တိုင်းဝန်ကြီးချုပ်ကို တင်ပြသွားမယ် လို့ သိရပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org