တိုင်းရင်းသားနယ်မြေတွေက ဆန္ဒပြပြည်သူတွေရဲ့ သဘောထား

အာဏာရှင်စနစ်ကျဆုံးရေး အနယ်နယ်အရပ်ရပ် အင်နဲ့အားနဲ့ ဆန္ဒပြကြတဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ဒီနေ့မှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ The 74 Media က သတင်းထောက်တစ်ဦးအပါ ဆန္ဒပြလူငယ် ၃၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။

ကယားပြည်နယ် ဖရူဆိုမြို့မှာ စစ်အာဏာဆန့်ကျင်ရေး ဆန္ဒပြသူတွေကို တွေ့ရစဉ်

အာရှနွေဦးတော်လှန်ရေးနေ့အဖြစ် သတ်မှတ်ထားတဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ဒီနေ့မှာ မြန်မာတစ်နိုင်ငံလုံး အနှံ့ စစ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြကြသူတွေကို စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေက သေနတ်ကျည်၊ ရာဘာ ကျည်၊ မီးခိုးဗုံး၊ အသံမိုင်း၊ လေးခွစတာတွေနဲ့ ပစ်ခတ်ပြီး နည်းမျိုးစုံနဲ့ အကြမ်းဖက် ဖြိုခွဲခဲ့ပါတယ်။

သေဆုံးသူ၊ ဒဏ်ရရသူ၊ ဖမ်းဆီးခံရသူတွေရှိခဲ့ပါတယ်။ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ တနင်္သာရီ၊ ရှမ်းနဲ့ ကချင်ပြည်နယ်တွေက ဆန္ဒပြပွဲတွေနဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုမှတ်တမ်းတွေကို ဒီဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org