ရခိုင်ပြည်နယ်အရေးနဲ့ အစိုးရအတွက်စိန်ခေါ်မှု
ရခိုင်ပြည်နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး တစ်ရာကျော် နုတ်ထွက်ခဲ့မှုကြောင့် နဂိုကတည်းကမှ မတည်မငြိမ်ဖြစ်နေတဲ့ ဒေသမှာ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးကို ထိခိုက်မှာ စိုးရိမ်သံတွေလည်း ထွက်ပေါ်လာပါတယ်။
-
2019-03-09 -
-
-
မြောက်ဦးမြို့ အလိုတော်ပြည့်ကျောင်းတိုက်မှာ ပြုလုပ်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ အစည်းအဝေးကို ၂ဝ၁၉ ခုနှစ် မတ်လ ၁ ရက်နေ့က တွေ့ရစဉ်
ရခိုင်ပြည်နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး တစ်ရာကျော် နုတ်ထွက်ခဲ့မှုကြောင့် နဂိုကတည်းကမှ မတည်မငြိမ်ဖြစ်နေတဲ့ ဒေသမှာ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးကို ထိခိုက်မှာ စိုးရိမ်သံတွေလည်း ထွက်ပေါ်လာပါတယ်။ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်လာနေချိန်မှာပဲ ဒေသခံတွေရဲ့ အိမ်တွေမှာ ရခိုင်ပြည် အလံတွေ စိုက်ထူတာမျိုးတွေလို အမျိုးသားရေး စိတ်ဓာတ်တွေ ပြင်းထန်လာနေတာတွေဟာ ငြိမ်းချမ်းရေးကို ဦးစားပေးဖို့ ကတိပြုထားတဲ့ NLD အစိုးရအတွက် စိန်ခေါ်မှုတခု ဖြစ်လာနေတာကို RFA ဝိုင်းတော်သူ မနန္ဒာချမ်းကတင်ပြထားပါတယ်။