စစ်တွေမြို့က သဲပုံစေတီပွဲ

အခုလို သဲပုံ စေတီတည်အားဖြင့် ဒေသမှာ သဘာဝဘေးအန္တရာယ်တွေကင်းမယ်၊ ရာသီဥတုကောင်းမယ်၊ စပါးဆန်ပေါများမယ်လို့လည်း ဒေသခံတွေက ယုံကြည်ကြတာဖြစ်ပါတယ်။

ရခိုင်ရိုးရာသျှစ်သောင်းမြောက်ပွဲလို့ခေါ်တဲ့ သဲပုံစေတီပွဲကို မတ်လ ၁၆ ရက် ဒီကနေ့ တပေါင်းလပြည့်နေ့မှာ စစ်တွေမြို့က ပွိုင့်ကမ်းခြေမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
ဓမ္မစေတီပေါင်း ရှစ်သောင်းလေးထောင်ကို အစွဲပြုပြီး ရှေးရခိုင်ဘုရင် အဆက်ဆက်ကတည်းက ကမ်းခြေမှာ သဲပုံစေတီတွေတည်တဲ့ အလေ့အထကို ဒီကနေ့ထိ ဒေသခံတွေက ထိန်းသိမ်းထားတာဖြစ်ပါတယ်။
ဒီကနေ့ ပွဲကိုသာကီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ကျင်းပပြီး လူဦးရေ ထောင်ချီလာရောက်ဖူးမျှော်ခဲ့ကြပါတယ်။
အခုလို သဲပုံ စေတီတည်အားဖြင့် ဒေသမှာ သဘာဝဘေးအန္တရာယ်တွေကင်းမယ်၊ ရာသီဥတုကောင်းမယ်၊ စပါးဆန်ပေါများမယ်လို့လည်း ဒေသခံတွေက ယုံကြည်ကြတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org