တောင်ဒဂုံ အစ္စလာမ်ဝတ်ပြုကျောင်း တားဆီးခံရမှု နောက်ဆက်တွဲ

မေလ ၁၅ ရက်နေ့ညက လူတစ်စုက လာရောက်ပိတ်ခိုင်းခဲ့တဲ့ တောင်ဒဂုံမြို့နယ် ၁ဝ၆ ရပ်ကွက်က အစ္စလာမ်ယာယီဝတ်ပြုကျောင်းကို မေလ ၁၆ ရက်ညပိုင်းမှာ အာရှအလင်းရောင်ဆရာတော် သွားရောက်ပြီး ရပ်ကွက်နေ အစ္စလာမ် ဘာသာဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မေလ ၁၅ ရက်နေ့ညက လူတစ်စု လာရောက်ပိတ်ခိုင်းခဲ့တဲ့ တောင်ဒဂုံမြို့နယ် ၁ဝ၆ ရပ်ကွက် အစ္စလာမ်ယာယီဝတ်ပြုကျောင်းကို မေလ ၁၆ ရက်ညပိုင်းက အာရှအလင်းရောင်ဆရာတော် သွားရောက်ခဲ့စဉ်။

 

■ တောင်ဒဂုံမြို့နယ်အတွင်းက အစ္စလာမ်ဘာသာဝင်တွေ ဥပုဒ်လ ယာယီဝတ်ပြုကျောင်းဆောင်တွေကို မေလ ၁၅ ရက်နေ့ညမှာ “မျိုးချစ်အဖွဲ့” လို့ အမည်ခံထားတဲ့ လူအယောက်နှစ်ရာလောက်က လာရောက်ပိတ်ခိုင်းတဲ့အတွက် ပိတ်ပေးလိုက်ရပါတယ်။

မေလ ၁၆ ရက်ညပိုင်းမှာတော့ အဲဒီလို ပိတ်လိုက်ရတဲ့ ဝတ်ပြုကျောင်းဆောင်တွေထဲက ၁ဝ၆ ရပ်ကွက်က ဝတ်ပြုကျောင်းဆောင်ကို အာရှအလင်းရောင်ဆရာတော် လာရောက်ပြီး ရပ်ကွက်နေ အစ္စလာမ် ဘာသာဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

(ရိုက်ကူး- ကျော်ဇောဝင်း၊ ထက်အာကာ)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org