ခုခံစစ်ဆင်နွှဲနေတဲ့ စစ်ကိုင်းတိုင်းက ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ
စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီရဲ့အုပ်ချုပ်မှုကို လက်မခံဘဲ ရရာလက်နက်နဲ့ အံတုတိုက်ခိုက်နေကြတဲ့ ကျေးရွာကာကွယ်ရေး တပ်ဖွဲ့ပေါင်း ၁၀၀ ကျော်ရှိလာနေပါတယ်။
- 2022-01-11
-
-
-
ကနီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို တွေ့ရစဥ်
စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီရဲ့အုပ်ချုပ်မှုကို လက်မခံဘဲ ရရာလက်နက်နဲ့ အံတုတိုက်ခိုက်နေကြတဲ့ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ပေါင်း ၁၀၀ ကျော်ရှိလာနေပါတယ်။ ဒီအဖွဲ့တွေဟာ စစ်ကောင်စီတပ်နဲ့ လက်နက်အင်အားချင်း မယှဉ်နိုင်ပေမယ့် အာဏာရှင်ကို မလိုလားတဲ့ စိတ်ဓာတ်အင်အားနဲ့ပဲ ခုခံစစ်ကို ဆင်နွှဲနေကြတာလို့ စစ်ကိုင်းတိုင်း ကနီမြို့နယ်က ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။ မခင်မိုးညို က တင်ပြထားပါတယ်။