စမ်းချောင်းမှာ လူငယ်တွေ လမ်းကြားတွေမှာ လမ်းလျှောက်ဆန္ဒပြ

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ဗဟိုလမ်းနဲ့ ကျွန်းတောလမ်းတွေမှာ ဒီနေ့မှာလည်း စစ်ကောင်စီတပ်တွေရှိနေတာကြောင့် လူငယ်တွေဟာ လမ်းကြားတွေမှာ အာဏာသိမ်းစစ်‌ကောင်စီကို အလိုမရှိကြောင်း လမ်းလျှောက်ဆန္ဒပြပါတယ်။

စမ်းချောင်းမြို့နယ် ဗဟိုလမ်းနဲ့ ကျွန်းတောလမ်းတွေမှာ ၂၀၂၁ မတ်လ ၁၃ရက်နေ့ အာဏာသိမ်းစစ်‌ကောင်စီ အလိုမရှိကြောင်း လမ်းလျှောက်ဆန္ဒပြစဉ် -

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ဗဟိုလမ်းနဲ့ ကျွန်းတောလမ်းတွေမှာ ဒီနေ့မှာလည်း စစ်ကောင်စီတပ်တွေရှိနေတာကြောင့် လူငယ်တွေဟာ လမ်းကြားတွေမှာ အာဏာသိမ်းစစ်‌ကောင်စီကို အလိုမရှိကြောင်း လမ်းလျှောက်ဆန္ဒပြပါတယ်။

ဒီမနက် ၉ နာရီမှာ သပိတ်စစ်ကြောင်းကို လူအင်အား ၂၀၀ ကျော်နဲ့ စတင်ခဲ့ပြီး ၁၁ နာရီအရောက်မှာ ရဲနဲ့ စစ်ကားတွေက လမ်းတွေမှာ ကင်းလှည့်ပြီး ဖြိုခွင်းနိုင်တာကြောင့် သပိတ်စစ်ကြောင်းကို ခေတ္တရပ်ကာပုန်းရှောင်ခဲ့ရပါတယ်။ ထို့နောက် ပြန်လည်လူစုကာ ဆက်လက်ဆန္ဒပြခဲ့ပြီး နေ့လယ် ၁၂ နာရီကျော်မှာ လူစုခွဲလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org