ကျောက်မဲမြို့နယ်က စစ်ဘေးဒုက္ခသည်တွေ ရိက္ခာပြတ်လပ်နေ

ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် ကျောက်မဲမြို့အနီးက မန်ခါးရွာ ဘုန်းတော်ကြီးကျောင်းမှာ လာရောက်ခိုလှုံနေကြတဲ့ စစ်ပြေး ဒုက္ခသည်တွေ ရိက္ခာအခက်အခဲ ကြုံတွေ့နေရပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားနေ တဲ့အတွက် ဒေသခံရွာသားတွေ ကျောက်မဲမြို့အနီးတဝိုက်ကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

ကျောက်မဲမြို့ကနေ ၁၈ မိုင်အကွာမှာရှိတဲ့ ပန်ဟုန်းနဲ့ လွယ်ကုန်းရွာက လူဦးရေ နှစ်ရာလောက်ဟာ ကျောက်မဲမြို့အနီးက မန်ခါးရွာ ဘုန်းတော်ကြီးကျောင်းမှာ လာရောက်ခိုလှုံနေကြတာ နှစ်လကျော်နေပြီ ဖြစ်ပြီး ရိက္ခာအခက်အခဲ ကြုံတွေ့နေရပါတယ်။ မခင်မိုးညိုက တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org