စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရတဲ့ မောင်စည်သူရှိန် ဈာပန

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ အဝိုင်းကြီးမှာ မတ်လ (၃) ရက်နေ့က စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် အသက် ၁၈ နှစ်အရွယ် စည်သူရှိန်(ခ) မြတ်သူရှိန်ဟာ ရင်ဘတ်နဲ့ နောက်ကျောမှာ ကျည်ထိမှန်ခဲ့ပါတယ်။

စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် မြောက်ဥက္ကလာပမြို့နယ်မှာ သေဆုံးခဲ့ရတဲ့ စည်သူရှိန် ရဲ့ ဈာပနကို ၂၀၂၁ မတ် ၆ ရက်နေ့က တွေ့ရစဉ်

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ အဝိုင်းကြီးမှာ မတ်လ (၃) ရက်နေ့က စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် အသက် ၁၈ နှစ်အရွယ် စည်သူရှိန်(ခ) မြတ်သူရှိန်ဟာ ရင်ဘတ်နဲ့ နောက်ကျောမှာ ကျည်ထိမှန်ခဲ့ပါတယ်။

မြောက်ဥက္ကလာပ ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူရင်း မတ်လ (၄) ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

မတ်လ (၆ ) ရက်နေ့ ဒီနေ့မှာ ရေဝေးသုသာန်မှာ သင်္ဂြိုဟ်ခဲ့ပြီး အရိုးပြာကို ဂူသွင်းခဲ့ပါတယ်။

သူရဲ့နောက်ဆုံးခရီးကို ပြည်သူတွေ သောင်းနဲ့ချီ လိုက်ပါပို့ဆောင်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org