မန္တလေးမှာ ကလေးတစ်ဦး ဦးခေါင်းကျည်ထိမှန်

မန္တလေးမှာ ဒီနေ့နေ့လယ်က စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ယောကျ်ားလေးတစ်ဦး ဦးခေါင်းကျည်ထိမှန်ခဲ့ပါတယ်။

ဦးခေါင်းကျည်ထိမှန်ခဲ့တဲ့ မန္တလေးက ကလေးတစ်ဦးကို ၂၀၂၁ မတ် ၂၇ ရက်နေ့က တွေ့ရစဉ် Photo CJ

မန္တလေးမှာ ဒီနေ့နေ့လယ်က စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ယောကျ်ားလေးတစ်ဦး ဦးခေါင်းကျည် ထိမှန်ခဲ့ပါတယ်။

မတ်လ ၂၃ ရက်နေ့ကလည်း မန္တလေးမြို့၊ အောင်ပင်လယ်ရပ်ကွက်မှာ စစ်သားနဲ့ ရဲတွေက နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်တာကြောင့် အသက် (၇) နှစ်အရွယ် မခင်မျိုးချစ် သေဆုံးခဲ့ပါတယ်။

မတ်လ ၂၂ ရက်နေ့ကလည်း မန္တ​လေးမြို့၊ ချမ်းမြသာစည်ရပ်ကွက်က အသက် (၁၅) နှစ်အရွယ် ​မောင်ထွန်းထွန်း​အောင် နေအိမ်မှာပဲ ​သေနတ်ကျည်ထိမှန် ​သေဆုံးခဲ့ပါတယ်။

ဒီလအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်တာကြောင့် မန္တလေးမှာ ကျည်ထိမှန်သေဆုံးတဲ့ ကလေးနှစ်ဦး ရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org