သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-03-07
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေး ဖို့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေက ရန်ကုန် မြို့တော်ခန်းမရှေ့မှာ မတ်လ ၅ ရက်နေ့က ဆုတောင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြထားပါတယ်။
2016-03-07
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတာကြောင့် လူထုအတွက် ကောင်းကျိုးပြုမယ့် အစိုးရသစ် ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အဖွဲ့ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ယွက်ဆစ်က မတ်လ ၅ ရက်နေ့က ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်
2016-03-07
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာကို ANP ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်တွေထဲက မခန့်အပ်ရင် အတိုက်အခံပါတီအဖြစ် ရပ်တည်သွားမယ်ဆိုတဲ့ ထုတ်ပြန်ကြေညာချက်ဟာ တရားမဝင်ကြောင်း ANP ပါတီနဲ့ ပူးပေါင်းထားတဲ့အရင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD အဖွဲ့ဝင်တွေက ပြောပါတယ်။
2016-03-07
ပြီးခဲ့တဲ့နှစ်က ပညာရေးဥပဒေကို သပိတ်မှောက်ကြတဲ့ ကျောင်းသားတွေကို ထောက်ခံကြောင်း လမ်းလျှောက်ချီတက်ခဲ့တဲ့အတွက် စီတန်းလှည့်လည်မှုဆိုင်ရာ ဥပဒေ ပုဒ်မ-၁၈ နဲ့ ဖမ်းဆီးခံထားရတဲ့ ၈၈ မျိုးဆက်အဖွဲ့က မနီလာသိန်းနဲ့၊ ဗကသ ခေါင်းဆောင် ၂ ယောက်ကို ရန်ကုန် မရမ်းကုန်းမြို့နယ်တရားရုံးမှာ ဒီကနေ့ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2016-03-04
ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့ ပါဝင်တဲ့ "ရှမ်းပြည် ညီညွတ်ရေးကော်မတီ" အစည်းအဝေးကနေ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တိုင်းရင်းသားတွေရဲ့ဆန္ဒနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းပုံအဖြစ် ပြောင်း လဲရေးဆွဲရာမှာ ပူးပေါင်း ဆောင်ရွက်သွားမယ် လို့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2016-03-04
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေဟာ လာမယ့် မတ်လ ၃ဝ ရက်နေ့မှာ ကျင်းပမယ့် နိုင်ငံတော်သမ္မတ တာဝန်လွဲှပြောင်းရေး အခမ်းအနားနဲ့ အစိုးရအဖွဲ့ ဖွဲ့စည်းရေးကိစ္စတွေကို နေပြည်တော်မှာ ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။
2016-03-04
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့က ရခိုင်တိုင်းရင်းသား ဒုက္ခသည်စခန်းကို မကြာခင်မှာ လုံးချင်းအိမ်တွေနဲ့ နေရာချထားဖို့ ပြည်နယ်အစိုးရ က ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ရခိုင်ဒုက္ခသည် အများစုကတော့ အဲဒီ လုံးချင်းအိမ်တွေမှာ မနေချင်ကြပါဘူး။
2016-03-04
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2016-03-04
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်၊ ပတ္တမြားစက်မှုဇုန် Myanmar Veneer သစ်အချောထည်စက်ရုံက ဆန္ဒပြအလုပ်သမား တရာကျော်ဟာ အလုပ်ရှင်နဲ့ မတ်လ ၄ ရက်နေ့က ညှိနှိုင်းခဲ့ကြပေမယ့် ပြေလည်မှုမရတာကြောင့် သပိတ်စခန်း ဆက်ပြီးဖွင့်သွားမယ်လို့ သိရပါတယ်။
2016-03-03
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နားကွမ်လုံကျေးရွာက အရင်စစ်သင်္ချိုင်းနေရာမှာ ဝင်ရောက်လုပ်ကိုင်ခဲ့တဲ့ တောင်သူတွေကို မြို့နယ် မြေစာရင်းဦးစီးဌာနက တရားစွဲဆိုထားတာနဲ့ ပတ်သက်ပြီး တရားစွဲခံရတဲ့ ဒေသခံတောင်သူတွေနဲ့ မြို့မိမြို့ဖတွေက မတ်လ ၃ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2016-03-03
မန္တလေးတိုင်း ကျောက်ဆည်ခရိုင်အတွင်းမှာရှိတဲ့ ကျေးရွာတွေက ကြက်သွန်စိုက်ခင်းတွေမှာ ရေလုံလောက်အောင် မရတဲ့အတွက် ကြက်သွန်ခင်း ဧက ၆ ရာနီးပါး ပျက်စီးနေပါတယ်။
2016-03-03
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီးက ကျောက်တစ်လုံး မွတ်စလင်ဒုက္ခသည်စခန်းမှာ နေထိုင်ကြသူတွေထဲမှာ အစိုးရဝန်ထမ်း လုပ်ကိုင်ခဲ့ဖူးသူတွေ အများအပြားရှိနေပါတယ်။
2016-03-03
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ဗကသကျောင်းသားတွေနဲ့ တကသကျောင်းသားတွေကို မတ်လ ၃ ရက်နေ့ ဒီနေ့ လှိုင်မြို့နယ်နဲ့ ကမာရွတ်မြို့နယ် တရားရုံးတွေမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2016-03-03
ရှမ်းနိုင်ငံရေးပါတီ နှစ်ခုနဲ့ ရှမ်းလက်နက်ကိုင်တပ်မတော် နှစ်ခု ပါဝင်တဲ့ ရှမ်းပြည်ညီညွတ်ရေးကော်မတီ အစည်းအဝေးကို ရန်ကင်းမြို့နယ် မီကာဆာဟိုတယ်မှာ ကျင်းပနေပါတယ်။
2016-03-02
မန္တလေးတိုင်း စဉ့်ကူးမြို့နယ်၊ ခံတက်ချဉ်ကျေးရွာ အုပ်စုက တရော်ပင်ကျေးရွာမှာ လွန်ခဲ့တဲ့ ၁၉၇ဝ ခုနှစ်ကတည်းက စစ်တပ်က သိမ်းဆည်းထား တဲ့ မြေတွေမှာ ဒေသခံ ၃ဝဝ ကျော် မတ်လ ၂ ရက်နေ့ ဒီကနေ့ ဝင်ရောက်ထွန်ယက်ခဲ့ကြပါတယ်။