သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-02-29
အယ်နီညိုရာသီဥတုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဘေးအန္တရာယ်တွေကို ကာကွယ်ဖို့အတွက် တွေ့ဆုံဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီး အစိုးရနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မနေ့က ပြုလုပ်ခဲ့ပါတယ်။
2016-02-27
လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ တိုက်ခိုက်ခံရတဲ့အပေါ် မကျေနပ်တဲ့ ကချင် တိုင်းရင်းသားတွေကလည်း မြစ်ကြီးနားမြို့မှာ ဒီနေ့ လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
2016-02-27
တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ တရားစွဲခံထားရတဲ့ မန္တလေးမြို့က "သင့်မြတ်လိုသူများ" ဘာသာပေါင်းစုံချစ်ကြည်ရေး အဖွဲ့က ကိုဇော်ဇော်လတ် အပါအဝင် ၃ ဦးကို မန္တလေး ချမ်းအေးသာစံမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်ပါတယ်။
2016-02-27
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ ပတ္တမြားစက်မှုဇုန်က အိန္ဒိယနိုင်ငံသားပိုင် Myanmar Veneer သစ်အချောထည်စက်ရုံက အလုပ်သမား ၆ဝ ကျော်ဟာ အလုပ်ရှင်၊ အလုပ်သမား သဘောတူညီချက် စာချုပ်ပါ အချက်တွေကို အလုပ်ရှင်ဘက်က ဖောက်ဖျက်တယ်ဆိုပြီး စက်ရုံဝင်းထဲမှာ ဖေဖော်ဝါရီလ ၂၆ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
2016-02-27
မန္တလေးစက်မှုဇုန် Popy စားသောက်ကုန်စက်ရုံက အလုပ်သမားတွေဟာ အလုပ်ရှင်-အလုပ်သမား သဘောတူစာချုပ်ပါ အချက်တွေကို အကောင်အထည် ဖော်ပေးဖို့ စက်ရုံရှေ့မှာ ဆန္ဒပြနေပြီး ဖေဖော်ဝါရီလ ၂၆ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2016-02-27
အစိုးရသစ်ကို တာဝန်မလွဲှပြောင်းခင်မှာ နိုင်ငံပိုင်မြေ၊ စက်ရုံ၊ စီမံကိန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကို တင်သွင်းတဲ့ အရေးကြီးအဆိုကို ဒီကနေ့ဆွေးနွေးပြီးနောက် မဲခွဲဆုံးဖြတ်ပြီး အတည်ပြု လိုက်ပါတယ်။ RFA သတင်းထောက် ကိုဝင်းကိုကိုလတ်က တင်ပြထား ပါတယ်။
2016-02-27
မကွေးတိုင်းအတွင်း လေးတန်းနဲ့ရှစ်တန်း စာမေးပွဲမေးခွန်းတွေ ပေါက်ကြားခဲ့တာနဲ့ ပတ်သက်လို့ ဒီကနေ့ကျင်းပတဲ့ ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ အရေးကြီးအဆိုတရပ် တင်သွင်းခဲ့ပါတယ်။
2016-02-27
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်မှာ ဒေသခံလူထုနဲ့ တွေ့ဆုံပြီး ရှင်းပြခဲ့ပါတယ်။
2016-02-25
ကချင်ပြည်နယ်မှာ ဘိန်းခင်းတွေကိုဖျက်ဆီးမယ့် လူထုအခြေပြု အရပ်ဘက်အဖွဲ့တွေကို အကာအကွယ်ပေးဖို့နဲ့၊ ထောက်ပံ့မှုတွေ အမြန်ဆုံးပေးဖို့ အစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆို ဒီကနေ့ ပြည်သူ့လွှတ်တော် မှာ ဆွေးနွေးပြီးနောက် မဲခွဲဆုံးဖြတ်ပြီး အတည်ပြုလိုက်ပါတယ်။
2016-02-25
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ရခိုင့်တပ်မတော် Arakan Army နဲ့ အစိုးရတပ်မတော်အကြား တိုက်ပွဲဖြစ်ခဲ့တာကြောင့် ရွှေ့ပြောင်းခံခဲ့ရတဲ့ အိမ်ထောင်စု ၂ဝ ကျော်ဟာ နယ်မြေအခြေအနေကြောင့် မူလနေထိုင်ခဲ့တဲ့ကျေးရွာတွေကို ပြန်ခွင့်မရသေးပါဘူး။
2016-02-25
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ဟာ ၆၉ နှစ်မြောက် မွန်အမျိုးသားနေ့ ဖြစ်ပါတယ်။ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ မနေ့က မနက်ပိုင်းက မွန်အမျိုးသားနေ့ အခမ်းအနားကျင်းပခဲ့သလို ရန်ကုန်မြို့က ပြည်သူ့ရင်ပြင်မှာလည်း ကျင်းပခဲ့ပါတယ်။
2016-02-25
ရခိုင်ပြည်နယ် နယ်စပ်ဒေသတွေနဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုတွေ နေထိုင်တဲ့နေရာတွေမှာ တာဝန်ပေးအပ်ဖို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင် ရဲတပ်သားတွေကို စစ်တွေမြို့မှာ သင်တန်းပေးနေပါတယ်။
2016-02-25
စိုးရအနေနဲ့ ရွေးကောက်ပွဲပြီးနောက်ပိုင်း နိုင်ငံပိုင်မြေတွေ စီးပွားရေးလုပ်ငန်းတွေနဲ့၊ သယံဇာတတွေကို အလျင်အမြန် စီမံခန့်ခွဲနေတာတွေကို အသေးစိတ် စိစစ်ဟန့်တားပေးရေး အရေးကြီးအဆိုကို ဖေဖော်ဝါရီလ ၂၅ ရက် ပြည်သူ့လွှတ်တော်မှာ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က တင်သွင်းခဲ့ရာမှာ ဆက်လက်ဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။
2016-02-25
ကချင်ပြည်နယ် ဆဒုံးနဲ့ ကန်ပိုက်တီဒေသက ဘိန်းခင်းတွေကို သွားရောက်ဖျက်ဆီးနေတဲ့ အစိုးရနဲ့ ကချင်လူမှုအခြေပြု ဘိန်းခင်းတိုက်ဖျက်ရေး ပူးပေါင်းအဖွဲ့ကို အမည်မသိ ဒေသခံ လက်နက်ကိုင်အဖွဲ့တွေက ဖေဖော်ဝါရီလ ၂၅ရက်နေ့က တိုက်ခိုက်ခဲ့တဲ့အတွက် လူပေါင်း ၃ဝ နီးပါး ဒဏ်ရာရခဲ့ပါတယ်။
2016-02-24
မြန်မာနိုင်ငံမှာ ရာသီဥတုပြောင်းလဲမှုနဲ့ အယ်လ်နီညို ရာသီဥတု သက်ရောက်မှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေကို အစိုးရဌာနဆိုင်ရာ အဆင့်ဆင့် ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ဒီကနေ့ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက် ပါတယ်။